မိုးခြိမ်းသံတစ်ခု...လက်ဆောင်ရရှိခြင်း

ရွှေပန်း...ပိတောက်...
ပန်ဖို့..ကောက်သိမ်း
နေ..မယိမ်း...ခင်
ညှိုးဖို့ပြင်...တော့.....

ကြင်နာလျော့...ရဲ
ငါ့...ငိုပွဲကို
မြင်လို...လေသလားးးးးးးးးးးးးး။ ။

++++==+==+++++++++

မေတ္တာဖွဲ့ ...ရာသီခွင်...အစမှာပဲ
ကြေကွဲမိုးတွေ...ရွာချ
အငိုတေးက...ဆိုနေကျ...သံစဉ်လို
ငါ့ကို...ထွေးပွေ့ နေလိုက်တာ....

ငါ့တွက်ဆို...
ဘယ်လောက်တောင်...ကြမ္မာရိုင်းက...တိုက်ခတ်နေမှာလဲ
အလဲအကွဲ...အမြဲ...မြိုင်နေလိုက်ပုံက
မြင်မကောင်းအောင်....တောင်ပုံ...ယာပုံ

ကျေးဇူးပြုပြီး...နင့်ကို...သတိရခြင်းတွေ
ငါ့တွက်...ထားခဲ့...ပေးပါ....

မိုင်တိုင်တွေ..ဘယ်လောက်ဝေးဝေး
တောင်ပြာတွေ...ဘယ်လောက်ခြားခြား
နင့်ကို...တမ်းတခြင်း...အခမ်း...အနားနဲ့
ငါ...ကျ...ရှုံး...ခံ...ပါ့...မယ်....ချစ်သူရယ်...................

0 comments:

Post a Comment

Powered by Blogger.

Copyright © / ချစ်ခြင်းမေတ္တာလူမှုကူညီရေးအသင်း

Template by : Urang-kurai / powered by :blogger